၁၉၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်တွင် Sir Ernest Shackleton (ဆာအန်းနက်စ်ရှကယ်လ်တန်)နှင့် သင်္ဘောသား ၂၇ ဦးတို့၏ မျှော်လင့်ချက်သည် သင်္ဘောကြီးနှင့်အတူ မှောင်မိုက်သော အန္တာတိကရေခဲပြင်အောက်သို့ နစ်မြှုပ်သွားခဲ့သည်။ သူတို့သည် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသောနေရာတွင် ပိတ်မိနေခဲ့ကြသည်။ နောက်ပိုင်းတွင်မူ သင်္ဘောသားများသည် ဘင်ဂျိုအပါအဝင် သူတို့ရှင်သန်ရန် အထောက်အကူပြုခဲ့သည့်အရာများကို ပြန်လည်ပြောပြခဲ့သည်။ ကြမ်းတမ်းသော ခရီးကို စတင်ရာတွင် ခရီးစဥ်၏မိုးလေဝသပညာရှင် Leonard Hussey (လီအန်နဒ်ဟပ်ဆီး) သည် တစ်ဦးတည်းသော နှစ်ပေါင်ထက်ပိုသောကိုယ်ပိုင်ပစ္စည်းကို ယူခွင့်ရှိသူဖြစ်ပြီး၊ ၁၂ပေါင်လေးသောဝင်ဆာဘင်ဂျိုကို ယူလာခွင့်ရခဲ့သည်။ “ဒီဘင်ဂျိုက အရေးပါတဲ့ စိတ်ရောဂါဆေးပဲ။သူ့ကို ကျုပ်တို့လိုအပ်လာလိမ့်မယ်”ဟု ရှကယ်လ်တန်က ဟပ်ဆီးအား ပြောခဲ့သည်။ သင်္ဘောသားများ၏မှတ်တမ်းများတွင် ဟပ်ဆီး၏ ဂီတစွမ်းအားအကြောင်း ရှင်းပြထားသည်။ “ဘင်ဂျိုသည် ဦးနှောက်အတွက် အစာကိုထောက်ပံ့ပေးသည်”ဟု သင်္ဘောသားတစ်ဦးကရေးခဲ့ပြီး၊ နောက်တစ်ဦးက “ဟပ်ဆီး၏မရှိမဖြစ် ဘင်ဂျို” ဟုဆိုသည်။
သမ္မာကျမ်းစာတွင်လည်း…
၁၈၄၉ ခုနှစ်တွင် (ဗာဂျီးနီးယားပြည်နယ်မှ ကျွန်ဘဝမှလွတ်မြောက်လာသူ) Henry “Box” Brown (ဟင်နရီ"ဘောက်စ်"ဘရောင်း)သည် “ကုန်ခြောက်”ဟု မှတ်သားထားသော သစ်သားသေတ္တာထဲတွင် ကွေးနေလိုက်ပြီး၊ သူ့သူငယ်ချင်းနှစ်ဦးက ထိုသေတ္တာကို ရစ်ချ်မွန်မြို့မှ ဖီလာဒဲလ်ဖီးယားမြို့သို့ ပို့ဆောင်ခဲ့သည်။ ဘရောင်းသည် ၂၆ နာရီကြာသည့်ခရီးစဉ်တွင် လေဝင်လေထွက်အတွက် အပေါက်ငယ်သုံးပေါက်ဖောက်ထားသော(၃'x၂.၅'x၂') အရွယ်သေတ္တာအတွင်း၌ ရှိနေခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးသမားများက ဘရောင်း ကို သေတ္တာထဲမှဆွဲထုတ်စဉ် လွတ်လပ်မှုကို ကတိပေးသောဘုရားရှင်အပေါ် သူ၏ မျှော်လင့်ချက်ကို ဖော်ပြသည့် ဆာလံ ၄၀ ကို သူသီဆိုခဲ့သည်။ ဘရောင်းက နောက်ပိုင်းတွင် “ဝိညာဉ်နားခိုရာ ခိုင်မာသေချာသော ကျောက်ဆူးဖြစ်သည့် လွတ်မြောက်ဖို့ရန် မျှော်လင့်ချက်၏တန်ခိုးက ကျွန်ုပ်အထဲ၌ လှုပ်ရှားနေသည်။ ကျွန်ုပ်ကဲ့သို့ လွတ်လပ်မှုကို ပိတ်ပင်ခြင်းမခံရပါက၊ ၎င်းကို သင်နားမလည်နိုင်”ဟုရေးသားခဲ့သည်။
ကျွန်ုပ်တို့၏နှလုံးသားနှင့် ကမ္ဘာတွင် ဘုရားသခင်၏ အဓိကလုပ်ဆောင်မှုမှာ လွတ်မြောက်မှုအတွက်ဖြစ်သည်။ ကိုယ်တော်၏ဉာဏ်ပညာသည် ဝိညာဉ်ရေးရာလွတ်မြောက်မှုဆီသို့ ဦးတည်စေသော်လည်း၊ မှားယွင်းသော…
၂၀၂၁ ခုနှစ်တွင် တာလီဘန်များသည် အာဖဂန်နစ္စတန်အစိုးရအား လျင်မြန်စွာ အနိုင်ယူစိုးမိုးခဲ့ချိန်၌ လူထောင်ပေါင်းများစွာတို့မှာ ထွက်ပြေးလွတ်မြောက်ရန်
လမ်းမရှိဘဲ ချောင်ပိတ်မိနေကြပြီး၊ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သာမန်ပြည်သူများက ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာရာ၊ လူငယ်တစ်ဦးက အင်စတက်ဂရမ်ပေါ်တွင် သူတို့ ထွက်ပြေးလွတ်မြောက်ရန် လေယာဉ်ပျံငှားရမ်းခ ငွေ ဒေါ်လာ ၇ သန်း ရရှိရေး ရံပုံငွေရှာဖွေရေးအစီအစဉ်ကို စတင်ခဲ့သည်။ သူက သတင်းဌာနတစ်ခုသို့ “နိုင်ငံရေးအရ မတူညီကွဲပြားနေသော ဤအခြေအနေဆိုးကြီးတွင် ရုန်းကန်နေကြရသည့် လူတန်းစားအသီးသီးအတွက် အတူပါဝင်ပြီး ဤသူတို့ကို ဝိုင်းဝန်းကယ်တင်ရအောင်” ပြောခဲ့သည်။ ရှုပ်ထွေးပွေလီသည့်အမှုအရေးတွင် သူတို့ဝင်ရောက်ကူညီရန် ရွေးချယ်ခဲ့ကြသည်။
အာဖကန်နစ္စတန်နိုင်ငံ တစ်နိုင်ငံတည်းသာ မဟုတ်ပါ။ မိုးမျှော်တိုက်နှင့်မြို့ပြများမှအစ တောရွာဇနပုဒ်အထိ ကမ္ဘာအနှံ့တွင် လူများစွာတို့သည် အထီးကျန်ဖြစ်လျက် ကြေကွဲဝမ်းနည်းစိတ်၏ဖိစီးမှုကို အလူးအလဲ ခံစားနေကြရသည်။ ထိုသို့ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်မဲ့သောနေရာများတွင် ဘုရားသခင်၏အာရုံစူးစိုက်မှု သက်ရောက်သည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ…
ခန်းမထဲ၌ အယ်လ်ဘတ်အိုင်းစတိုင်းဆေးကောလိပ်မှ ဆေးကျောင်းသားများဖြင့် ပြည့်နှက်နေပြီး၊ အသက် ၉၀ အရွယ် Ruth Gottesman(ရုသ်ဂေါ့တစ်စမန်)ပြောသောစကားကို စေ့စေ့နားထောင်နေကြသည်။ အဆုံး၌ ရုသ်က ကျောင်းသားများ ကျောင်းလခကင်းလွတ်ခွင့်ဖြင့် ပညာရေးဆုံးခန်းတိုင်စေရေး ဒေါ်လာတစ်ဘီလီယံကို လှူဒါန်းခဲ့ကြောင်း ကြေညာရာ၊ ကျောင်းသားများ၏အံ့ဩလှိုက်ဖိုမှုနှင့် ပျော်ရွှင်စွာ အော်ဟစ်သံများ လွှမ်းသွားသည်။ ၎င်းသည် ဆေးကျောင်းသို့ ပေးလှူသမျှတွင် အကြီးမားဆုံးအလှူဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းအင်တာဗျူးများတွင် ဂေါ့တစ်စမန်သည် လက်ဆောင်ကို လက်ခံရရှိခဲ့သူဟု ထင်ရလောက်အောင် ဝမ်းမြောက်ကျေနပ်လျက်၊ သူမ၏ငွေများကို လှူဒါန်းနိုင်ခဲ့သည့်အတွက် သူမ ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။
ဤသည်မှာ စွန့်ကြဲခြင်း၏သဘောတရားဖြစ်ကြောင်း သုတ္တံကျမ်းများက ဆိုထားသည်။ “စွန့်ကြဲ”တတ်သောသူ၌ ယုတ်လျော့ခြင်း(သို့) ဆင်းရဲနွမ်းပါးခြင်းများ ကင်းဝေးပြီး၊ ၎င်းတို့ မမျှော်လင့်ထားသော ကောင်းချီးမင်္ဂလာများကို ရရှိတတ်သည်(၁၁:၂၄)။ ကျွန်ုပ်တို့ အခြားသူများအား ပေးကမ်းသောအခါ၊ ယုတ်လျော့သွားခြင်းမရှိဘဲ၊ “ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း အကျိုးကိုခံရလိမ့်မည်”ဟု သမ္မာကျမ်းစာက ဆိုသည်(:၂၅)။ မိမိပိုင်ဆိုင်သမျှကို…
ဂျွန်တေလာ (John Taylor) သည် ၁၇၀၀ ခုနှစ်များအတွင်း ဗြိတိသျှလူမျိုး မျက်စိ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး၊ မောက်မာမှု၏တွန်းအားကြောင့် လီဆယ်ကာ သူ၏ သိက္ခာနှင့် ဂုဏ်အသရေသတင်းကို လုပ်ကြံပြောဆိုခဲ့သည်။ သူသည် ကျော်ကြားမှု နောက်လိုက်ကာ ဒုတိယမြောက်ဂျော့ချ်ဘုရင် (King George II)၏ကိုယ်ပိုင် မျက်စိဆရာဝန် ဖြစ်လာခဲ့သည်။ တေလာသည် ကျေးလက်ဒေသသို့ခရီးထွက်ကာ အံ့ဖွယ်ကုသနည်းများပေးမည်ဟု ကတိပြုသည့် ဆေးဘက်ဆိုင်ရာပွဲများ ကျင်းပပြီး၊ ညရိပ်ခိုကာ ရွာသားများ၏ငွေအိတ်များကို သယ်လျက် မကြာခဏ ရှောင်တိမ်းထွက်သွားသည်။ သို့သော်လည်း မှတ်တမ်းများအရ တေလာသည် တတ်ယောင်ကား သမားတစ်ဦးဖြစ်ပြီး၊ ရာနှင့်ချီသည့်လူနာများစွာကို မျက်စိကွယ်စေခဲ့ဟန်ရှိကြောင်း ဖော်ပြထားသည်။ သမိုင်းက သူ့ကို ဆေးဘက်ဆိုင်ရာအထင်ကရတစ်ဦးအဖြစ်မဟုတ်ဘဲ၊ ရာစုနှစ်၏အကြီးကျယ်ဆုံး တေးရေးဆရာနှစ်ဦးဖြစ်သော ဘတ်ခ် (Bach) နှင့်ဟန်ဒယ်လ်(Handel)တို့၏အမြင်အာရုံကို ဖျက်ဆီးခဲ့သူအဖြစ် သတ်မှတ်ခဲ့သည်။
တေလာသည် ဂုဏ်အသေရေနှင့်ချီးကျူးမှုကို တောင့်တခဲ့သော်လည်း သူ့သမိုင်း က သူ၏အလိမ်အညာများ၊ သူပြုခဲ့သည့်အရှက်တကွဲအကျိုးနည်းမှုနှင့်နာကျင်စေမှု များကို ဖော်ပြနေသည်။…
၁၉၈၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ကောနက်တိကပ်(Conneticut)မြို့၌ ရှဥ့်တစ်ကောင်က လျှပ်စစ်ပါဝါလိုင်းကို ကိုက်ဖြတ်ခဲ့မှုကြောင့် ရောင်းဝယ် ဖောက်ကား ဈေးကစားသူများအတွက် ကာလပေါက်ဈေးနှုန်းများကို အလိုအလျောက် နေ့စဉ်ဖော်ပြပေးသည့် အမျိုးသားလုံခြုံရေးအဖွဲ့အစည်း (NASDAQ’s)တွင် လိုင်းများ ပြတ်တောက်ပြီး၊ ငွေကြေးလည်ပတ်မှုဆိုင်ရာစက်ယန္တရားများလည်း ရပ်ဆိုင်းကာ အမှောင်ထုဖုံးလွှမ်းခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ဈေးကွက်မှ စီးပွားရေး ပညာရှင်များမှာလည်း ခေါင်းခဲလျက် တစ်နာရီခွဲနီးပါးခန့်မျှ ချွေးပြန်ခဲ့ကြရသည်။ ဘာမှမဟုတ်သည့် ရှဉ့်လေးကြောင့် ထိုသို့ ဖြစ်ပျက်ခဲ့သည်။
သေးငယ်သောအရာမှ ကြီးမားသောသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း သမ္မာကျမ်းစာ၌ များစွာသောသာဓကများဖြင့် ဖော်ပြထားသည်။ သို့သော် ဘုရားသခင်က ဘာမှမဟုတ်သည့်အရာမှ ကြီးကျယ်မြင့်မြတ်သည့်အရာကို ပြုလုပ်ပေးနိုင်သည်။ ကလေးတစ်ဦး၏နေ့လည်စာ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ယောကျ်ားချည်း လူဦးရေငါးထောင်၊ မိန်းမနှင့်ကလေးများပါဝင်လျှင် တစ်သောင်းခွဲမျှသောလူဦးရေကို သခင်ယေရှု ကျွေးမွေးခဲ့သည့်အကြောင်းကို ရှင်ယောဟန်က မှတ်တမ်းတင်ခဲ့သည် (ယော ၆:၉)။
ဓမ္မဟောင်းကျမ်းတွင် သိုးကျောင်းသားလေး လူငယ်ဒါဝိဒ်သည်…
၁၉ ရာစုနှောင်းပိုင်းတွင်၊ အမေရိကန်ပြည်ထောင်စုရှိ ကြီးမားသော စခွိုင်းယား[sequoia](အသက်ရှည်အလွန်မြင့်သောအပင်) တောအုပ်များသို့ ဝင်ရောက်နိုင်သူ မဆိုစလောက်သာရှိပြီး၊ ထုထည်ကြီးမားသောအပင်များ၏မှတ်တမ်း၊ အစီရင်ခံစာများကို လူများစွာတို့ မယုံကြည်ခဲ့ကြပေ။ သို့သော် ၁၈၉၂ ခုနှစ်တွင် သစ်ခုတ်သမားလေးဦးသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိဘေ့ဂ်စတန့်မ်(Big Stump) သစ်တောထဲသို့ သွားရောက်ပြီး မာ့ခ်ထဝိန်း(Mark Twain) အမည်ရှိ ဧရာမသစ်ပင်ကို ၁၃ ရက်ကြာ ခုတ်လှဲခဲ့သည်။ ထိုအပင်သည် သက်တမ်း ၁၃၄၁ နှစ်ရှိပြီး၊ အမြင့်ပေ ၃၀၀၊ လုံးပတ်ပေ ၅၀ ရှိသည်။ လေ့လာသူတစ်ဦးက ထဝိန်းအပင်ကို “ခန့်ညားသောအချိုးအစားရှိသည့်အပင်၊ တောအုပ်ရှိ အကောင်းဆုံးအပင်များအနက်တစ်ပင်”ဟု ဖော်ပြခဲ့သည်။ ယခုအခါတွင် ပျက်စီးသွားပြီဖြစ်သော ဤထူးခြားသောအလှတရား စခွိုင်းယား တစ်စိတ်တစ်ပိုင်းကို လူတိုင်း မြင်ရရန် အမေရိကန်သဘာဝသမိုင်းပြတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။
အမှန်တရားတိုင်းကို မျက်စိအမြင်နှင့်သာ သက်သေမပြနိုင်ခြင်းက အမှန်ပါ။ ဟေဗြဲဩဝါဒစာက ယုံကြည်ခြင်းသည် “မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြု ခြင်းဖြစ်၏။…
နိုင်ဂျီးရီးယားနိုင်ငံကမ်းခြေမှ မိုင် ၂၀ အကွာတွင် ဆွဲသင်္ဘောတစ်စီး နစ်မြှုပ်သွားပြီး၊ မှောက်ခုံအနေအထားဖြင့် ပင်လယ်ကြမ်းပြင်သို့ကျသွားသည်။ သင်္ဘောသား ၁၁ ယောက် ပါသွားသော်လည်း စားဖိုမှူး ဟာရီစန် အိုဂျက်ဘ အိုကီနေး (Harrison Odjegba Okene) သည် လေခိုနေသောနေရာတစ်ခုကို တွေ့ရှိပြီး၊ ထိုနေရာတွင် ကယ်ဆယ်မည့်သူများကို စောင့်နေခဲ့သည်။ သူလက်၌ ကုတ်(Coke)အချိုရည်ဘူးသာရှိပြီး၊ အသက်ကယ်အင်္ကျီမှ အရေးပေါ်မီးနှစ်ပွင့်မှာ ပထမ၂၄ နာရီအတွင်း အားကုန်ပြီး မီးမလင်းတော့ပါ။ အလွန်ကြောက်မက်ဖွယ်သော သုံးရက်တာအတွင်း အိုကီနေးသည် ပင်လယ်ကြမ်းပြင်၏အမှောင်ထု၌ တစ်ယောက်တည်း ပိတ်မိနေခဲ့သည်။ အလောင်းများကို ရှာဖွေရန် တာဝန်ဖြင့် ကယ်ဆယ်ရေး ရေငုပ်သမားများရောက်ရှိလာချိန်တွင် အိုကီနေးသည် သူ၏မျှော်လင့်ချက်ကို လက်လျော့စပြုနေချိန်ဖြစ်ပြီး၊ ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် သင်္ဘောဝမ်းဗိုက်ခန်းတွင် ဆောင့်ကြောင့်ထိုင်လျက် ခိုက်ခိုက်တုန်နေသည့်သူ့ကို တွေ့ရှိခဲ့ကြသည်။
နာရီပေါင်း ၆၀ မျှ အမှောင်ထုထဲတွင် တစ်ဦးတည်းနေခဲ့ရ၍ အိုကီနေး၏ပုံစံမှာ အလွန်ချောက်ချားနေပုံရသည်။ အလွန်ကြောက်မက်ဖွယ်အဖြစ်အပျက်ကို…
စိတ်ကူးယဉ်ဇာတ်လမ်းထဲမှ တိရစ္ဆာန်များနှင့် စကားပြောသူ ဒေါက်တာ ဒိုလီတဲလ်သည် စာအုပ်များ၊ ရုပ်ရှင်များနှင့် ပြဇာတ်များမှတစ်ဆင့် ပရိသတ်များကို ပျော်ရွှင်စေခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်အတွင်း ကြောက်မက်ဖွယ် ကတုတ်ကျင်းများကြားမှ သူ၏ကလေးများအတွက် ဒိုလီတဲလ်ပုံပြင်များကို စတင်ရေးသားခဲ့သူ စာရေးဆရာ ဟုဂျ်လော့ဖ်တင်အကြောင်းကို လူအနည်းငယ်သာ သိကြသည်။ စစ်အနိဌာရုံများကို ရေးသားရန်မှာ အလွန်ကြောက်မက်ဖွယ်ဖြစ်ခြင်းကြောင့် သူသည် ပုံပြင်များကိုသာ ရေးသားသရုပ်ဖော်ခဲ့သည်ဟု သူက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ စိတ်ကူးယဉ်ဆန်ပြီး နှစ်သက်ပျော်ရွှင်စရာများနှင့်ပြည့်သော ပုံပြင်များသည် စစ်၏ထိတ်လန့်ဖွယ်ရာများကို တွန်းလှန်ဖယ်ရှားသည့် လော့ဖ်တင်၏နည်းလမ်းပင်။
မတားဆီးနိုင်လောက်အောင် အားကြီးပြီး၊ ခြိမ်းခြောက်လျက် အရှက်ရစေသော အင်အားစုများကို ဆန့်ကျင်ကာ လှုပ်ရှားနေသူတစ်ဦးကို မြင်တွေ့ရခြင်းက စိတ်ကို အားတက်ဖွယ်နှိုးဆော်သည်။ မတရားမှု၊ အကြမ်းဖက်မှုနှင့် လောဘတရားများ အောင်နိုင်သွားမည်ကို စိုးရိမ်သောကြောင့် ကြံ့ကြံ့ခံနိုင်ရည် သတ္တိကို ကျွန်ုပ်တို့အံ့သြလေးစားကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ မကောင်းမှုက ကမ္ဘာတစ်ခုလုံးကို အနိုင်ယူသွားမှာကို (ရော…
ဝါရှင်တန်ဒီစီ၏ L’Enfant (လန်းဖန့်ထ်)ပလာဇာမြေအောက်ရထားဘူတာအနီးတွင် ဖျော်ဖြေနေသော ဟန်ဆောင်မှုကင်းသည့်တယောသမားသည် ဘေ့စ်ဘောဦးထုပ်နှင့် တီရှပ် အင်္ကျီကို ဝတ်ဆင်ထားသည်။ တယောကြိုးများအပေါ်တွင် ဘိုးတံကို ရွေ့ကာ ငြိမ့်ညောင်းသောတေးသွားများကို ဖန်တီးနေသည်။ သို့သော် လမ်းသွားလမ်းလာများက သူ့ကို သတိမထားမိဘဲ ဖြတ်ကျော်သွားကြသည်။ ဂီတအစီအစဥ် တစ်ခုလုံးကို သူအစအဆုံးတီးခတ်နေစဉ် လူလက်တဆုပ်စာမျှကသာ ရပ်နားထောင်ခဲ့ကြသည်။ ယမန်နေ့ညက ကွန်ဂရက် စာကြည့်တိုက်တွင် ထိုတေးဂီတတစ်ခုလုံးကို ဖျော်ဖြေတင်ဆက်သွားသူ ကျွန်ုပ်တို့မျိုးဆက်၏ပြိုင်စံရှားပါရမီရှင် Joshua Bell (ဂျော့ရှုဝါးဘဲလ်) ကို သူတို့သတိမထားမိဘဲ ကျော်သွားကြောင်း လူအုပ်ကြီးအား သိစေချင်စမ်းပါဘိ။ ဘဲလ်သည် အကြမ်းဖျင်း ၅ မီလီယံ တန်ဖိုးရှိသည့် ၁၇၁၃ ခုနှစ်ထုတ် တယောဖြင့် ကမ္ဘာ့ အခက်ဆုံးသော၊ ညှို့အားအပြင်းဆုံးသော တေးသွားများကို တီးခတ်ပြခဲ့သည်။
ခါရန်ပြည်သို့ ထွက်သွားသည့်ယာကုပ်၏ အတွေ့အကြုံကဲ့သို့ပင် (က ၂၈:၁၀) မိမိမျက်စိအောက်ရှိ အံ့ဖွယ်ရာများကို သတိမမူမိဘဲ ကျော်သွားရန်မှာ…